Saturday, July 19, 2014

Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း


ခေါင်းစဉ်နာမည်လေးကြည့်ယုံနဲ့ စိတ်ဝင်စားစရာပါပဲ အခုတလော ဖုန်းတွေဝယ်တာ မြန်မာစာ တော်တော်လေး အဆင်မပြေ ဖြစ်ကြပါတယ် ဝယ်လာပြီးမှ ဆိုင်ကိုခဏဏ ပြန်သွားနေရတာတွေရှိနေပါတယ် ဒါတွေကိုတချို့ ဆိုင်တွေက အလုပ်ရုပ်တယ်ဆိုပြီး စိတ်မရှည် ကြပါဘူး
ဒါ့ကြောင့်ကျနော်တို့ သူများကိုလည်း အပူမကပ်ရအောင် ကိုယ်တိုင် နည်းလမ်းလေးနဲ့ သုံးလိုတ်ကြရအောင်
(မှတ်ချက်တခုက တော့ ) အခုသုံးမယ်ဆော့ဝဲလ်လေးက တရုတ်ဆော့ဝဲလေးပါ ဒါပေမယ့်စိတ်မပူပါနဲ့ သုံးရတာ အဆင်ပြေအောင် ပုံလေးတွေရှာပေးထားပါတယ် ။ အခုသုံးမည့်ဆော့ဝဲလ် နှစ်ခုကတော့ ပထမတခုက root ဖေါက်မည့်ဆော့ဝဲလ်ပါ  Baidu Root apk နဲ့ Smart Zawgyi Changer ဒီဆော့ဝဲလ်လေးကတော့ root မိမိတို့ ဖုန်းထဲမှာရမရ ရှိမရှိ စစ်ပေးမည့်ဆော့ဝဲလ်လေးပါ

ဆော့ဝဲလ်လေးတွေကို အရင် ဒေါင်းယူလိုတ်ပါ ဖိုင်ဆိုးဒ်ကတော့ 7.1 MB ရှိပါတယ်


ူLINK 1 /Link 2     အဆင်ပြေရာလင့်မှာ ဒေါင်းပါ ။

တခုသတိထားရမှာက root ဖေါက်မယ်ဆိုရင်တော့ ဖုန်းပျက်မှာကြောက်နေရင်တော့ မဖေါက်ပါနဲ့ ဒါကတော့ အရဲစွန့်ရမှာပေါ့ဗျာ အဆင်ပြေတာများကြပါတယ်  ပျက်သွားရင်တော့ကျနော့ကို ဖို့မချနဲ့ပေါ့နော်..ဟဲ ...ဟဲ...
ကဲစလုပ်ကြည့်ရအောင်  အရင်ဆုံး  Setting >> Version Infos ကနေတချက်ဝင်ကြည့်ရင်
ဒီပုံလေးတွေပြီးရင်ဆက်သွားပါမယ်  အပေါ်ကနေဒေါင်းလာခဲ့တဲ့ ဖိုင်လေးတွေ install လုပ်ပါမယ်

တဆင့်ခြင်းဆီလုပ်ပေးလိုတ်ပါ    ဆော့ဝဲလ်လေးကို ဖွင့်ပြီး စလှပ်ရှားတော့မှာပါ ကြည့်လိုတ်ရအောင်



ဒီဆော့ဝဲလ်လေးနဲ့လုပ်လို့ပြီးသွားရင် root ကိုစစ်ဆေးဖို့အတွက် Smart Zawgyi Changer ၂-ခုထဲက ဇ ပုံလေးနဲ့ MMSD Smart Zawgyi Changer ကို အသုံးပြုပြီတော့ စစ်ကြည့်ရအောင်
Install ထညြ့်ပီးလို့ ဖွင့်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ အစိမ်းရောင်နဲ့ ရေးပြထားတဲ့ (Root ရှိ မရှိ စစ်ဆေးပါ) စာသားကို တချက်နှိပ်လိုက်ပါ..။ Root Access တောင်းခဲ့ရင်တော့ အောက်က မျှားပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..




အပေါ်ပုံလေးတွေကို တဆင့်ချင်းစီ လုပ်လို့ အောင်မြင်သွားရင်တော့ ကိုကြိုတ်တဲ့ ဖောင့်ကို သုံးပြီးမြန်မာစာကိုကောင်းစွာ ဖတ်လို့ရေးလို့ရသွားပါပြီ  အားလုံးပဲ အဆင်ပြေကြပါစေ။




No comments:

Post a Comment